မိုင်းကိုင်မြို့နယ်၌ ဒေသခံပြည်သူ့များအား (Biometrice Data) ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဩဂုတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အမည်စာရင်းရယူထားသော ဒေသခံပြည်သူများအား  (Biometrice Data) ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင်  အမှတ် (၁) ရပ်ကွက်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားကိစ္စများ  ဆောင်ရွက်ရာတွင်  ပိုမိုလွယ်ကူမြန်ဆန်စေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား (Unique ID) အွန်လိုင်းစနစ်ဖြင့် ဆောက်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူဖြစ်ကြောင်း အစစ်ဆေးခံနိုင်မည့်   (Biographic Data) နှင့် (Biometrice Data) များကောက်ယူပြီး (Data Base) တွင် သိမ်းဆည်းကာ ဂဏန်း (၁၀) လုံးပါသည့် (Unique ID) နံပါတ်သတ်မှတ်ကာ  မှတ်ပုံတင်များ နေ့တွင်းချင်းထုတ် ပေးလျက်ရှိသည်။

ထိုသို့ကဲ့သို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ ဒေသခံပြည်သူများအတွက် (Unique ID) လက်မှတ်ထုတ်ပေး နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်မှုစစ်ဆေးပြီး လိုအပ်သည့်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ချော(မိုင်းကိုင်)