နတ်မောက် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းအမှတ် (၄၇၇)၊ ထိန်ကန်ကွင်းရှိ တောင်သူ ဒေါ်မြတင်၏ ဧက(၁.၇၁)ရှိ မိုးမြေပဲစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ် နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရိယာဧကနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိပြီး မိုးမြေပဲ (၃၄၇၂၈) ဧကလျာထားပြီး (၃၈၀၀၈)ဧက စိုက်ပျိုးထားရှိ၍ လက်ရှိတွင် မိုးမြေပဲများရိတ်သိမ်းနေပြီဖြစ်ရာ ကန်ကြီးအုပ်စု ကွင်းအမှတ် ၄၇၇ (ထိန်ကန်ကွင်း) ဦးပိုင်အမှတ် (၃၈) တောင်သူဒေါ်မြတင်၏ ဧက(၁.၇၁) မိုးမြေပဲစံကွက်ရိတ်သိမ်းခဲ့ရာ အစိုတင်း(၁၀၀)ထွက်ရှိပြီး အခြောက်တင်း (၉၀)ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဝန်ထမ်များနှင့် မြေပဲစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း