သတင်းများ

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်း
Oct 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)အုန်းပင်နှင့် အ.မ.က(မူလွန်)မဲကုန်းကျောင်းများသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က တာလုံ အ.မ.ကကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Oct 04,2023
၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
Oct 04,2023
ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
မုံရွာမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Oct 04,2023
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့ နံနက် ၈ နာရီအချိန်က စမ်းသပ်သန်းခေါင် စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့်‌ ဥယျာဥ်ခြံစိုက်‌တောင်သူများ မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta) ပင် (၈၇၀) စိုက်ပျိုး
Oct 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့် ဥယျာဉ်ခြံစိုက် တောင်သူများက ယမန်နေ့ နံနက် ၁၁ နာရီအချိန် ဇီးဖြူကွင်း ကျေးရွာအုပ်စု၌ မြေပြန့်ကော်ဖီ ရိုဘတ်စတာ (Robusta)ပင် (၈၇၀) စိုက်ပျိုးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 04,2023
ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်၊ ဒေါဆော်ဘီးကျေးရွာသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့် လက်တွေ့ကွင်းဆင်းကောက်ယူ
Oct 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။