ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော

ကျိုက်လတ်   အောက်တိုဘာ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လမ်းညွှန်မှု၊ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်း‌အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲနာယက ဦးစိန်ဝှီးမှ ကြက်ခြေနီအကြောင်းနှင့် အခြေခံရှေးဦးပြုစုခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးခင်စိုး ဦး‌ဆောင်၍အခြေခံရှေးဦးပြုစုခြင်း လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်