ရေဦးတွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရေဦး   အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက ဒေသခံပြည်သူများ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီ ပြင်ပပေါက်ဈေးထက် ထက်၀က်ခန့်သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်း ချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောင်မင်္ဂလာရပ်ကွက်နေ ဒေသခံ  အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီငါးဆယ်ကျပ်သားကို ငွေကျပ် ၂၇၅၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၃၀၀ စုအား ရောင်းချပေးခဲ့သည်။ စားသုံးဆီများ ရောင်းချပေးရာသို့ ရေဦးခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက ပြည်သူများထံစားသုံးဆီ ရောင်းချပေးနေမှု အလေးချိန်ပြည့်မပြည် တိုက်ဆိုင်စစ်ဆေးပြီး ဆီလာရောက်၀ယ်ယူသူများအား  ကျေးဇူးတင် စကားများပြောကြားခဲ့ကြောင်းသိရသည်။

စားသုံးဆီများကို မြို့ပေါ်ငါးရပ်ကွက်သို့ အလှည့်ကျစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဆီဆိုင်အချို့မှလည်း နိုင်ငံတော်သတ်မှတ်ဈေးနှုန်းထားဖြင့် ရောင်းချပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီ၀ယ်ယူမည့် အိမ်ထောင်စုများအနေဖြင့် သက်ဆိုင်ရာရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စုဇယား မိတ္ထူယူ‌ဆောင်ကာ ဆက်သွယ်စာရင်း ပေးမှာယူနိုင်ကြောင်း သိရသည်။

သန်းသန်း