မိုးညှင်းမြို့၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

မိုးညှင်း         အောက်တိုဘာ        ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိမ်စကားပြောသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီ က ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာတွင် မိုးညှင်းခရိုင်ရုံးကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖြစ်သည့် အင်္ဂလိပ်စကားပြော သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆရာ ဦးအောင်မင်းသူက သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် အင်္ဂလိပ်စကားပြောသင်တန်းကို ခရိုင်ကြီးကြပ်မှု အောက်ရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၁၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့် အောက်တိုဘာ (၂)ရက်မှ နိုဝင်ဘာ (၃၀)ရက်အထိ နှစ်လကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း