ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရွှေဘို   ​​အောက်တိုဘာ ၃

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​ နေရာချထား​ရေးဝန်ကြီးဌာန၊​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​ကြောင့် ဒဏ်ရာရသူများ၊ ​မီး​ဘေးသင့် လူ​နေအိမ်နှင့်အိမ်ထောင်စုများအား၊ အလတ်တလော သက်သာ ချောင်ချိစေရန် ရည်ရွယ်၍ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ​ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦး​ဇော်မျိုးဝင်းက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး၊ ​ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်​ချောစုက​ ထောက်ပံ့​ပေးအပ်ရသည့် အ​ကြောင်းအရင်းများကိုရှင်းလင်း​ပြောကြားကာ၊ တက်​ရောက်လာ​သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက​ ထောက်ပံ့ပစ္စည်းများ​ပေးအပ်ရာ၊ ရပ်ကျေးအုပ်ချုပ်​ရေးမှူးနှင့်​ကျေးရွာသူ/ သားများက လက်ခံရယူခဲ့​ကြောင်းသိရသည်။

အဆိုပါ​ထောက်ပံ့​ပေးအပ်ပွဲတွင်၊ ၁၆-၉-၂၀၂၃ ရက်​နေ့ အကြမ်းဖက်အဖွဲ့အစည်းများ၏မိုင်း​ထောင်​ဖောက်ခွဲမှုကြောင့် ဒဏ်ရာရ(၈)ဦးအတွက် ၁ဦးလျှင်(၅၀,၀၀၀ိ/)နှုန်းဖြင့် စုစု​ပေါင်းဒဏ်ရာ ရ​ထောက်ပံ့​ငွေ (၄၀၀,၀၀၀ိ/)၊ ကူတို့ဆိပ်​ကျေးရွာ မီး​ဘေးသင့်အိမ်​ထောင်စု(၃၂)ဦး အတွက်​ထောက်ပံ့​ငွေ (၆,၀၅၆,၂၀၀ိ/) စုစု​ပေါင်း(၆၄၅,၆၀၀ိ) အားပေးအပ်ခဲ့​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်