သတင်းများ

မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှ ဒေသတစ်ခုထွက်ကုန်တစ်ခုဖြစ်သည့် ဂရိတ်ဖရုသီးများ
Oct 03,2023
မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်သည် တောတောင် သဘာဝရှုခင်းများ၊ အထင်ကရနေရာများနှင့် သဘာဝအစားအစာများ၊ ဆေးဖက်ဝင် သစ်သီးများပေါများလှပြီး ပူတာအိုဒေသ၏ပြယုဂ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဆေးဖက်ဝင်သော လူကြိုက်များသော ဂရိတ်ဖရု သီးထွက်ရှိရာ ဒေသလည်းဖြစ်ပေသည်။
ပေါင်မြို့နယ်၌ ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
Oct 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် မွန်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ကြေးများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးအား တစ်ဦးလျှင် (၅၀၀၀၀/-)ကျပ်နှုန်းဖြင့် ငွေကျပ်(၃၀၀၀၀၀/-) အား ထောက်ပံ့ပေးခဲ့သည်။
ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Oct 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မကျက်ကြီး)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ စွန့်စားမှုဆီသို့‌‌‌ခြေတစ်လှမ်း   နှင့်အတွေးအမြင်စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမ ခင်‌စောတင့်ရေးသားသော "စွန့်စားမှုဆီသို့‌‌‌ခြေတစ်လှမ်း နှင့်အတွေးအမြင်စာစုများ "  စာအုပ်ဖြင့် ယမန်နေ့  နေ့လည်ပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်ဒေသထွက် ခရမ်းချဉ်သီးများ စျေးကျသော်လည်း ပုံမှန်ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိ
Oct 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဥ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီး ရောင်းချချိန်တွင် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းလာသော်လည်း ပုံမှန်ရောင်းချရသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်၍ အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 03,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက ပုလောမြို့ မူလွန်(၄) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေး တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်
Oct 03,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်​ ကြို့ကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။