ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်ချနေ တစ်တင်း ၅၇၀၀၀ ကျပ်ရောင်းချနေရ

ညောင်ဦး  အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ရာ ဈေးနှုန်းကောင်းရရှိရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ဝက်ကြီးအင်း အနောက်ရပ်တောင်သူ ဦးကျော်စိုးထံက သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲတီစိမ်းကြဲပက်စိုက်ပျိုးခြင်းအား ဇူလိုင်၊ ဩဂုတ်လတို့တွင် စတင်ကြဲပက်စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် အဖူး၊ အပွင့်စတင်ပွင့်ကာ၊ အပွင့်ပွင့်ပြီး အသီးသီးကာ ဆယ်ငါးရက်ခန့်အကြာတွင် အသီးများရင့် ပြီးခူးဆွတ်အစေ့ထုတ်ကာ ပခုက္ကူမြို့ရှိ ပဲပွဲရုံများသို့သွား ရောက်ရောင်းချကြကြောင်းသိရသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန် ကာ မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက် ပျိုးတောင်သူများ အပင်များသန်မာထွား ကျိုင်းပြီးအသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များအောင်မြင်ကြောင်း ပဲတီစိမ်း စိုက်ပျိုးတောင်သူ ဦးကျော်စိုးကရှင်းပြသည်။ ပဲတီစိမ်းတစ်တင်း ၅၇၀၀၀ ကျပ်ရောင်းချရ ကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကာ ပဲတီစိမ်းအထွက်လည်းကောင်းကြကြောင်း သိရသည်။ ပဲတီစိမ်းဆွတ်ခူးရာတွင် အလုပ်သမတစ်ဦး တစ်ရက် ၄၀၀၀ ကျပ် ပေးရပြီး၊ တစ်ဧကစိုက် ခင်းတစ်ခင်း အလုပ်သမ ၁၀ဦး ၁၂ဦးခန့်ဆွတ်ခူးကြရကာ၊ စတင်စိုက်ပျိုးချိန်က ထွန်စက် ထွန်ယက်ခ တစ်နာရီ ၄၀၀၀၀ကျပ်၊ ထွန်ရှဉ်းထွန်ခ တစ်မနက် ၉၅၀၀ ကျပ်ပေးရကြောင်း လည်းသိရကာ ယခုနှစ်ပဲတီစိမ်းအထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။

ပဲတီစိမ်းစိုက်ခင်းစိုက်ပျိုးသိမ်းပြီးချိန် ပဲတီစိမ်းရွက်များသည် စိုက်ခင်းအတွက်မြေ ဆီမြေနှစ် အင်မတန်ကောင်းမွန်သည့်အတွက် လာမည့်နှစ်စိုက်ပျိုးချိန် စိုက်ပျိုးသီးနှံများ အတွက်လည်း မြေဩဇာကောင်းကြောင်း ညောင်ဦးမြို့နယ် တက်မကျေးရွာ ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးမောင်ဌေးကရှင်းပြသည်။

ဒီပါလင်း