သတင်းများ

သာကေတမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက သာကေတမြို့နယ် မီးသတ်စခန်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်ရာ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
မချမ်းဘောမြို့နယ်၊နမ်းခမ်းကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်သော တောင်သူများအတွက် ငါးဖမ်းပိုက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Oct 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာတွင် ဒေသခံငါးမွေးတောင်သူများ မွေးမြူထားသော ငါးများအလေအလွင့် မရှိဖမ်းယူနိုင်ရန်ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲမှထောက်ပံ့ သောငါးဖမ်းပိုက်များပေးအပ်ပွဲအခမ်းနားကို ယနေ့နံနက်၁၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကင်းပခဲ့သည်။
သံဖြူဇရပ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 03,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ရေဖြူမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Oct 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့တွင် Book Clubအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Oct 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာခင်မောင်ညိုရေးသားသော "ဘဝတစ် လျှောက်အောင်မြင်ပျော်ရွှင်နည်း "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ လယ်မြေများတွင် စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြော
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးလယ်ယာမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက လေးအိမ်တန်းကျေးရွာရှိ တဝဂူဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ လေးအိမ်တန်း ကျေးရွာအုပ်စုနှင့် ဓနှုံးကုန်းကျေးရွာအုပ်စုက ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 03,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်မှစ၍ စဉ့်ကူးမြို့ မြို့မဈေးကြီးအတွင်း မြို့ပေါ် ရပ်ကွက်များမှပြည်သူများအား စားသုံးဆီများကို (၁)ပိဿာလျှင် (၄၈၄၈) ကျပ် ဖြင့် ရောင်းချ ပေးခဲ့သည်။
ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Oct 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.ကမုတ္တမခန်းမ၌ ကျင်းပခဲ့သည်။