ရွှေကူ အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ပညာ့ အားမာန်” ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်မျိုးမောင်က ပညာရည်မြင့်မားရေးနှင့်အတူ လူငယ်တို့လုပ်ဆောင်ရမည်မှာ အားကစားဖြစ် ကြောင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေးတို့သည် ခွဲခြားမရသောအရာများဟုဆိုနိုင် ကြောင်း၊ အားကစားမြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ပြင် လူငယ်တိုင်း သို့မ ဟုတ် အားကစားပြိုင်ပွဲများတွင်ပါဝင်သူတိုင်း မဖြစ်မနေရှိထားရမည့်စိတ်ဓာတ်မှာ အားကစားစိတ် ဓာတ်ရှိရေးပင်ဖြစ်ကြောင်း၊ စာသင်ကျောင်းများသည် လူငယ်တို့ဘဝ၏ အချိန်ကာလများ မြှုပ်နှံရာ ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူတိုင်းသည် စာကိုလည်းသင်၊ အားကစားကိုလည်း လေ့ ကျင့်မည်ဆိုပါက စိတ်ဓာတ်၊ စည်းကမ်းကောင်းသော လူငယ်များ ဖြစ်လာမည့်အပြင် အားကစားပြု လုပ်ခြင်းဖြင့် လူငယ်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို တက်ကြွစွာလုပ်ကိုင်ဆေင်ရွက်နိုင်ရန် အထောက်အကူ ပေးနိုင်ကြောင်း အကျယ်တဝင့် အသိပညာ ပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးခန့်မျိုးမောင် က အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းဝင်းလှက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်