မင်းလှ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric ကောက်ယူပြီး (UID) Unique Identity ထုပ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများက UID (Smart Card) မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသူများအား ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ