လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာ ရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များ ငှါးရမ်းပေး
Jul 25,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှါးရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက် ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။