သတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Jul 25,2023
ကချင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေးချီးမြှင့်သည်။
မိုးညှင်းတက္ကသိုလ်၌ မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပ
Jul 25,2023
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ဇူလိုင် (၂၄) ရက် ညနေ (၃) နာရီခွဲက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
မြန်အောင်မြို့နယ် မိုးရာသီ ကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲကျင်းပ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲကို ယနေ့နံနက်က ရေနံတောင်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၄၇/၄၈)ရှိ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၁၃.၅)ဧကတွင် တောင်သူ ဦးကျော်ထွဋ်အောင် (၄)ဧကနှင့် ဦးအောင်ဝင်း(၁)ဧကတို့၏ လျှော်ဖြူစိုက်ခင်း (၅)ဧကတွင် ကော်ဖီ(သီးနှံ) စိုက်ပျိုးပွဲ ကျင်းပပြုလုပ်သည်။
လားရှိုးမြို့၌ ပန်းခင်းစီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပန်းခင်းစီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့ ၊သီရိမဟာ ရပ်ကွက်၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
လားရှိုးမြို့တွင် နယ်မြေလုံခြုံရေးအတွက် ယာဉ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများဆောင်ရွက်
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နယ်မြေဒေသလုံခြုံရေးအတွက် မြို့တွင်းတွင် သွားလာနေသော ယာဉ်များအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးဝမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်အတွင်းရှိ ကျွဲနွားများ ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု ရေဆိုင်ကုန်းကျေးရွာတွင် ကျွဲ ၊ နွားများအား ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်ခြင်းကိုယ​မန်နေ့နံနက်ပိုင်းကကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ကြောင်းသိရသည်။
ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၂၀၂၃ခုနှစ် ၊မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ မြို့နယ်ပြည့်သူ့အား ကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသ်ိုလ် (ဟင်္သာတ) ၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းက အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။