သတင်းများ

ပိုင်ကျုံမြို့၌ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့်
Jul 25,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်း စိုက်ပျိုးလျှက်ရှိ‌ကြောင်း သိရသည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော
Jul 25,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ တရားမဝင်ဆေးများရောင်းချမှုရှိ/မရှိ၊ လိုင်စင်စည်းကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိစစ်ဆေး
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ တရားမဝင်ဆေးများရောင်းချမှုရှိ/မရှိ၊ လိုင်စင်စည်းကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းကစစ်ဆေးခဲ့သည်။
တောင်ငူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံရာဇာကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပိ၍
ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ဆေးဝါးရောင်းချသည့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 25,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်အတွင်းရှိ လူသုံးကုန်ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသို့ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် အာဆီယံစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ဦးဆောင်ဦးရွက်ပြုမှုဆိုင်ရာ အသိပညာမျှဝေခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Jul 25,2023
အာဆီယံစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ဦးဆောင်ဦးရွက်ပြုမှုဆိုင်ရာ အသိပညာမျှဝေခြင်း စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေပြည်တန်မိုတယ်၌ ကျင်းပရာ  နေပြည်တော် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) အေဂျင်စီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြသည်။
အလုံမြို့နယ်၌ မူကြိုကလေးများ၏ မိခင်များအား ကျန်းမာရေးအသိပညာပေးဆွေးနွေး ဟောပြောခြင်းဆောင်ရွက်
Jul 25,2023
မိဘများအနေဖြင့် ကျန်းမာရေးအသိပညာဖြင့် ပြည့်စုံပြီး မိမိတို့၏ ရင်သွေးများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် ၁၀း၃၀  နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများသည်  လင်းရောင်နီ မူကြိုကျောင်းသို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌  ကာကွယ်ဆေးတစ်ကြိမ်မှ မရရှိသေးသော ၅ နှစ်အောက်ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော ၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံပေး
Jul 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး တစ်ကြိမ်မှ မရရှိသေးသော  ၅ နှစ်အောက်ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော ၅ နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ စည်ပင်ကွန်တိန်နာဝင်း၌  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။