သတင်းများ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ
Jul 25,2023
ရခိုင်ပြည်နယ်အတွင်း  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေလ ၂၃ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ထိ တန်ချိန် (၅၁၁၉ ဒသမ ၀၉)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး
Jul 25,2023
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၅၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခဌာနမှူးများ၊ နည်းပညာ တက္ကသိုလ်မှပါမောက္ခနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 25,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ်၏ ပညာပါရမီခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 25,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Jul 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၁)နာရီအချိန်က ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဇော်ထိုက်တို့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ တေရသမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 25,2023
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ တေရသမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
မြောင်းမြခရိုင် Community Centre တွင် အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jul 25,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ဟာလဝါလုပ်ငန်းရှင်တစ်ဦးတို့ကို ဖိတ်ခေါ်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။