ကြံခင်း ဇူလိုင်လ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ကြံခင်း-ဘက်ရဲလမ်းမှ ကြိုးကြာတန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် phyo thin kyaw co.ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံတားဦး ကွန်ကရစ်တံတား ပေ ၁၀၀ ဒုတိယတည်ဆောက်ခြင်း လုပ်ငန်းအခြေအနေတို့အား ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်းတို့နှင့်အတူ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများလိုက်ပါ၍ ကွင်းစစ်ဆေးကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)