သတင်းများ

ဖျာပုံမြို့နယ်၊အမာမြို့တွင်၂၀၂၅ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ နောက်မီးကျေးရွာ ပျဥ်ဒရယ်သစ်​ တောကြိုးဝိုင်းအကွက်အမှတ် (၅၆)တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့်ဝန်ထမ်းများမှဦးဆောင်၍ "ကမ်းရိုးတန်း လူနေမှုဘဝတည်ငြိမ်ဖို့ ဒီရေတောဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ဆူနာမီ၊ဆိုင်ကလုန်းနှင့်အခြားပြင်းထန်သော ရာသီဥတုဒဏ်မှ အကာအကွယ် ပေးနိုင်ရန်နှင့်ကမ်းရိုးတန်နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အကာအကွယ်ပေးနိုင်ရန်၊သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊အမာမြို့အဆိုပါကျေးရွာ ပျဥ်ဒရယ်သစ်​တောကြိုးဝိုင်း၌ ကျင်းပပြုလုပ်သည်။
လှည်းကူးမြို့နယ်၌ ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအား Smart Card များ ပြုလုပ်ဆောင်ရွက်ပေး
Jul 25,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအား Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘဏ်၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့Community Centre ခန်းမ၌ Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင် အ.ထ.က(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 25,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ အ-ထ-က(၂)၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး
Jul 25,2025
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ရွှေပြည်သာမြို့နယ်၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ၊‌ ဈေးဆိုင်များ သန့်(၄)သန့်နှင့် ညီညွတ်မှုရှိ‌စေရန် စစ်‌ဆေးခြင်းတို့ကို ဇူလိုင်(၂၂)ရက် မွန်းလွဲပိုင်းက အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား/သေဆုံးမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ သုံးခွမြို့၌ ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် သန်လျင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား/သေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိ‌တ်‌ဆေးခပ်ခြင်းနှင့် ကလိုရင်းဆေးခပ်ခြင်း လုပ်ငန်းများကို ဇူလိုင် ၂၃ ရက်နေ့ နံနက် (၈) နာရီ၌ အမှတ် (၆) ရပ်ကွက်နေ ပြည်သူအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်လျက်ရှိသည်။