မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပ

မှော်ဘီ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်လူငယ်များနှင့် ပူးပေါင်း၍ ဇူလိုင် ၂၂ ရက်နေ့ နေ့လည်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွေး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းများ ကျင်းပရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အနာဂတ်နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ကျောင်းစာအပြင်ပြင်ပဗဟုသုတများ ပါသိရှိရန်လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများကို စာကြည့်တိုက်များ ဆိုရှယ်မီဒီယာများမှလည်းကောင်း၊ လေ့လာဖတ်ရှုခြင်းဖြင့် အကျိုးရှိရှိ အသုံးချကြရန်လိုပါကြောင်းနှင့် စာအုပ်စာပေများအား အကျိုးရှိရှိလေ့လာနိုင်ရေးအတွက် စာပေဆိုင်ရာအသိပညာရပ်များနှင့် ဖတ်ရှုလေ့လာသင့်သည့် စာ​ပေအညွှန်းများ အားအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကို စာရေးဆရာ (နတ်ရှင်ရွှေဂူ) ရေးသားသည့် "အနာဂတ်ကိုမျော်တွေးပါ" စာအုပ်အားမောင်ရဲမင်းနိုင်၊ မောင်မောင်ထွေး၊ မောင်လှအောင်တို့အား ဖတ်ရှုစေပြီး ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက အနာဂတ်ကို မျော်တွေးပါဆောင်းပါးမှ အနာဂတ်ကိုမျော်တွေးပြီး ပစ္စုပ္ပန်မှာ အလုပ်လုပ်ရမှာဖြစ်ကြောင်း ၊ချမ်း သာတဲ့သူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ဘာကြောင့်ဆင်းရဲလဲ၊ ဘာကြောင့်ချမ်းသာလဲဆိုတာ တွေးဖို့လိုအပ်ပါကြောင်း၊ အနာဂတ်အတွက် ပြင်ဆင်ရာမှာ ကိုယ်ကျင့်တရားကောင်းပြီး လူသားဆန်ရမှာဖြစ်ပါကြောင်း၊ လူငယ်များဘဝလှပရေးအတွက် ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှရမှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် လူငယ်များက သိရှိလိုသည်များ မေးမြန်း၍ သိရှိထားသမျှပြန်လည်ဆွေးနွေးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြသထားမှုအား စိတ်ပါဝင်စားစွာ​​ဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။

ဝင်းဇော် (ပြန်/ဆက်)