လှိုင် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းမြတ်က ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဉာဏစွမ်းရည်များ ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူလွန်(၂၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)