မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြောင်းမြ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲစဉ်တွင် အ.ထ.က(စခန်းကြီး)နဲ့ အ.ထ.က(ငါးမြင်းချောင်း)တို့ ယှဥ်ပြိုင်ကစားကြရာ၊ ၃ ဂိုး၊ ၂ ဂိုးဖြင့် အ.ထ.က (စခန်းကြီး)က အနိုင်ရခဲ့ပြီး ပထမဆုဖလားကို ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က ပထမဆုရရှိသည့် ..က (စခန်းကြီး)အား ပထမဆုဖလားကို ပေးအပ်ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထဆု ရရှိသည့် အသင်းများ၊ အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုများဆက်လက်ချီးမြှင့်ပြီး၊ ပြိုင်ပွဲဖြစ်မြောက်အောင်မြင်အောင် ကူညီဆောင်ရွက်ပေးကြသော  ဒိုင်လူကြီးများ၊ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)