ရွှေဘို အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်က အဖွင့်အမှာစကားပြောကြားရာ ခရိုင်အတွင်းရှိ လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့် အကျွမ်းတဝင်ဖြစ်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ကွန်ပျူတာပညာရပ်ကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည်အထိ သင်တန်းပို့ချချက်များကို ဂရုစိုက်မှတ်သားကြရန်ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က တိုင်းဒေသကြီးအစိုးအဖွဲ့မှ ပံ့ပိုးပေးမှုများနှင့် သင်တန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပံ့ပိုးပေးမှုအခြေအနေများ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၃)ကို သင်တန်းကာလ (၁)လကြာ ဖွင့်လှစ်၍ Typing (Eng & Myanmar)Microsoft (Excel,PowerPoint,Word)၊ ရုံးစာ၊ ဖိတ်စာ၊ အထွေထွေသိမှတ်စရာများ၊ Internet e-mail အသုံးပြုနည်း စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်