အုတ်ဖို အောက်တိုဘာ ၉
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကတိမ်ညွန့်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို အောက်တိုဘာလ ၇ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် လက်တွေ့သင်ကြားမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှဦးစီး၍ သင်တန်းဆရာများက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ပတ်တီးစီးခြင်း၊ ရှော့လက္ခဏာအကြောင်းနှင့်ရှေးဦးပြုစုခြင်းဆိုင်ရာဘာသာရပ်များကို လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းသားသင်တန်းသူ(၃၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)