သတင်းများ

မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းအမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Oct 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) ဆင်းပွဲ ကျင်းပ
Oct 06,2023
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမ ှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ
Oct 06,2023
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစရေန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအရောက် လိုက်လံရောင်းချပေး
Oct 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် First Top Edible Oil Co.,Ltd မှ ရည်ညွန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ကျေးရွာများအရောက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 06,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်
Oct 06,2023
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။
မြိတ်မြို့ အ.ထ.က(၅)တွင် ကျောင်းသား/သူ  လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ
Oct 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၅)မြိတ်တွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။