စမ်းချောင်းမြို့နယ်တွင် မြို့နယ်မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စမ်းချောင်း အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ် လဝက ဦးစီးမှူး ဦးဇော်မင်းသိန်းက  မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများနှင့် မှတ်ပုံတင်နံပါတ်ကျန်ရှိသူများအား အမြန်မြေပြင်ကွင်းဆင်း ကောက်ယူပြုလုပ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

 ဖြူသွယ်ထွန်း