မိုးညို အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက်အလက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရွှေပြည်သာရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရွှေပြည်သာရပ်ကွက်နေ ပြည်သူများအား ဥပဒေနှင့်အညီ အသက်(၁၀)နှင့်အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက်စိစစ်ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက လိုအပ်သည့်နေရာများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်(၄)ရပ်ကွက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ယမန်နေ့ထိ စုစုပေါင်း ၅၉၆၆ ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)