ဗဟန်း အောက်တိုဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့၊ နေ့လယ် ၁ နာရီ က အရိပ်ပမာမခွဲခွာ စာအုပ်ဖြင့် ရေးသူ/ဖတ်သူ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Book Club ဥက္ကဋ္ဌစာရေးဆရာဟိန်းဇေကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးဒေါ်စန္ဒာမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် အရိပ်ပမာမခွဲခွာ စာအုပ်ကိုရေးသားသော စာရေးဆရာဆောင်းဝင်းလတ်၊ စာရေးဆရာအောင်သျှန်ဝိုင်း(ကျိုက်မရော)တို့က အနုပညာကို ကိုယ်ရဲ့ချစ်သူလိုသေတပန်သက်တစ်ဆုံးမြတ်မြတ်နိုးနိုးဖြင့် တန်ဖိုးထားပြီးဖန်တီးရပ်တည်သွားသည့်သူများ၏ အကြောင်းများနှင့်စာပေသည်သာသူတို့ဘဝ၊ စာအုပ်စာစောင်တွေသည်သာသူတို့ဘဝ၊ အယ်ဒီတာစားပွဲသည်သာသူတို့ဘဝ၊ သတင်းတွေသည်သူတို့ဘဝ၊ စာပေတောမှာပျော်ခဲ့သော စာပေသမားများ၏ဘဝ စသည့်အကြောင်းအရာများဖြင့် ဦးဆောင်ဆွေနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာရေးဆရာ/ဆရာမများ၊ စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)