ဖျာပုံ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများအခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့အမှတ်(၁၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက် အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်ဥ(၁)လုံးလျှင် (၂၂၀)ကျပ်၊ ဝတ်သား(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငရုပ်သီး၊ ကြက်သွန် အနီ/အဖြူနှင့် ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် တစ်ပတ်လျှင်၊တစ်ကြိမ်၊တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)