မြေပုံ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့ ညနေ (၃) နာရီအချိန်က သဲတန်းရပ်ကွက်ရှိ ပြည်သူများသို့ စားအုန်းဆီများ လက်လီ ရောင်းချ ပေးလျက်ရှိသည်။
မြေပုံမြို့၌ Glopaval Good Pure Group Co., Ltd ကုမ္ပဏီမှ စားသုံးဆီများအား မြို့နယ်စားသုံး ရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းများအသင်းမှ မြေပုံမြို့နယ် ဆီအရောင်းကိုယ်စားလှယ် ဦးသာထွန်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆင်းရဲ နွမ်းပါး ပြည်သူများသို့ စားအုန်းဆီ (၁) ပိဿာလျှင် (၅၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဆီ (၂၂၀) ပိဿာအား လက်လီဖြန့်ဖြူး ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
တင်ဝင်း