မန္တလေး အောက်တိုဘာ ၇
၂ဝ၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊အားကစားသမားများနှင့် ဝါသနာရှင်များတက်ရောက်ပြီး ပြင်ဦးလွင်ခရိုင်အသင်းနှင့် မဟာအောင်မြေခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၄င်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသမီး ပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲတို့တွင် တတိယဆုရ ကျောက်ဆည်ခရိုင်အသင်းနှင့် မိတ္ထီလာခရိုင် အသင်း၊ ဒုတိယဆုရ မဟာအောင်မြေခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသား ဆုများကိုလည်းကောင်း၊ပြင်ဦးလွင်ခရိုင်အသင်းမှ အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသော ပြင်ဦးလွင်ခရိုင်အသင်း အား တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီးပထမဆုနှင့် အမျိုးသားပထမဆုရရှိသော ပြင်ဦးလွင်ခရိုင်အသင်းတို့အားပထမတံခွန်စိုက် ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြသည်။
မြင့်မော်ထွန်း