သတင်းများ

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေး
Jul 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ရပ်ကွက်နှင့် အုပ်စု (၁၈)အုပ်စုရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားများ ကိုယ်စားသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူများထံ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင် လစာငွေများအား ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jul 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့ ကန်တစ်ရာငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆင့်ဌာဆိုင်ရာများနှင့် တွေ့ဆုံရာ
တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာနမှူးရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jul 21,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနမှူးရုံးသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ရပ်စောက် ရတနာပုံ အ.ထ.က ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရတနာပုံကျေးရွာ အ.ထ.က(ရတနာပုံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များငှားရမ်း
Jul 21,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မ ရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထားဝယ်မြို့တွင်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များအား တာဝန်ပေးအပ်ပွဲနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Jul 21,2023
နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ ဒေသခံပြည်သူလူထုများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရရှိလာစေရန်နှင့်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်တို့အတွက် ပြည်ထောင်စုနယ်မြေအပါအဝင်တိုင်းဒေသကြီး /ပြည်နယ်များတွင်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာဇူလိုင် ၂၁ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရောင်းမော်ကျေးရွာ၊ ကျွဲထရံတောင်ကျောင်းဓမ္မာရုံ၌ အသေးစား၊အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များအားစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။