မိုင်းယောင်းမြို့နယ်တွင် ‌မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ ရက်သတ္တပတ်အခမ်းအနား ကျင်းပ

မိုင်းယောင်း  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ‌မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်း သိကောင်းစရာ ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယမ်းခမ်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်က အယ်လ်နီညိုကြောင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်တို့က အယ်လ်နီညိုဖြစ်ပေါ်သက်ရောက်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်အချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာလာသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ရာသီဥတုဖောက်ပြန်ခြင်း အယ်လ်နီညိုအကြောင်း သိကောင်းစရာ”လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း