မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

မိုင်းယောင်း  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များ ကူးစက်ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းစေရန်အတွက် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိုက်ကျွေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း