ဒိုက်ဦးမြို့၌ အသက် ၈၅ နှစ်အထက်ရှိ ဘိုး/ဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဒိုက်ဦး အောက်တိုဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုး/ဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော ဘိုးဘွားများအားလူမှုရေးပင်စင်များ ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီး‌ရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ပြီး ဘိုး/ဘွားများအား အိမ်တိုင်ရာရောက်သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  ဒိုက်ဦးတစ်မြို့နယ်လုံးရှိ သက်ကြီးအဘိုး/အဘွား ၇၉၅ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)