နတ်မောက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ဉာဏ်ရည်ထက်မြက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်စွမ်းရည် တိုးတက်စေရန်၊ အနုပညာကို တန်ဖိုးထားတက်စေရန်နှင့် မိမိရုံး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်းနှင့် စာဖတ်နည်း(၃)နည်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပရာ ပုံပြောပြိုင်ပွဲတွင် ကျေးညီနောင်ခေါင်းစဉ်ဖြင့် ကျောင်းသား /သူ (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ အဆိုပါ မူလတန်းဆင့် ပုံပြောပြိုင်ပွဲသို့ ဆရာ/ မများ၊ ကျောင်းသား/သူ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့သည်။
လှဝင်း