ဇီးကုန်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးအတွက် တစ်လလျှင်တစ်သောင်းကျပ်နှုန်းဖြင့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)သုံးလအတွက် ထောက်ပံ့ငွေသုံးသောင်းကျပ်ကို သက်ကြီးဘိုးဘွား(၅၃၃)ဦးအတွက် တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၅၉၉၀၀၀၀)ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများက သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)