လှည်းကူး မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရပ်ဖွံ့ဖြိုးမှု ဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို မတ်လ ၅ရက်နေ့ မှ မတ်လ ၇ ရက်နေ့အထိ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပညာရပ်ဖွံ့ဖြိုးမှု ဘာသာရပ်ပြိုင်ပွဲများကိုကျင်းပရာတွင် လှည်းကူးပညာ ရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/ကျောင်းသူများတို့က စက်မှုလက်မှုနှင့်ပန်းချီအနုပညာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၇၅)ဦး၊ ဂီတစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၈၅)ဦး၊ အိမ်တွင်းမှုသိပ္ပံစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၅၀)ဦး၊ သိပ္ပံဘာသာရပ်များ စွမ်းရည်ပြပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကိုလည်း ကျောင်းသား/သူများက ဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းကောင်စီအသင်းများအား ကြေညာပေးခဲ့သည်။
အခမ်းအနားသို့ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၇၆၀)ဦး တက်ရောက်ခဲ့ပြီး ဘာသာရပ်အလိုက် ခင်းကျင်းပြသထားသည်များကို တက်ရောက်လာသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)