တံတားဦးမြို့နယ် အပူပိုင်းဒေသစိန်းလန်းစိုပြည်ရေးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက်  ပျိုးပင်မျိုးစုံ ပြုစုပျိုးထောင်ထားရှိ

တံတားဦး မတ်  ၁၀

ကျေးရွာသုံးစိုက်ခင်းများ၊ တောင်တန်းစိုက်ခင်းများ၊ (အထူးစိမ်း) တစ်အုပ်တစ်မစိုက်ခင်းများ (၁)ရွာ(၂)ဧကစိုက်ပျိုးနိုင်ရေးနှင့်၊ ပြည်သူဗဟိုပြု စိုက်ခင်းများ၊ တစ်အိမ်ထောင်ကျွန်း(၃)ပင် ၊ သစ်မာ(၂၀)ပင် စိုက်ပျိုးရန်နှင့် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်မျိုးစုံ ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည် ။

မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအဖြေင့် နှစ်စဉ်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိရာ“ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတု ကောင်းမွန် မျှတစေရေး ဒေသခံပြည်သူများမှ မိမိတို့ စိုက်ပျိုးလိုသည့်နေရာများတွင် စိုက်ပျိုးနိုင်ရန် အတွက် သ‌င်္ဘောကုက္ကို ၊ မြန်မာကုက္ကို ၊ တမာ ၊ ဖျောက်ဆိတ် ၊ ကျွန်းတို့ကို “ ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရေး အတွက် ပြုစုပျိုးထောင်ထားရှိခြင်း ဖြစ်ကြောင်းသိရသည်။

မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာသုံးစိုက်ခင်းဧက(၂၅)ဧကအတွက် ယူကလစ်(၄၄၅၅)ပင် ၊ သ‌င်္ဘောကုက္ကို(၆၂၀၀)ပင် ၊ တမာ(၆၂၀၀)ပင် ၊ တောင်တန်းစိုက်ခင်း (၂၀)ဧက အတွက် ယူကလစ်(၂၆၅၉)ပင် ၊ တမာ(၃၂၀၄)ပင် ၊ သ‌ေင်္ဘာကုက္ကို(၂၁၉၇)ပင် ၊ ဖောက်ဆိတ်(၂၀၁၅)ပင် ၊ (အထူးစိမ်း) တစ်အုပ်တစ်မစိုက်ခင်းအတွက်ဖျောက်ဆိတ်(၁၈၃၀)ပင် ၊ သ‌ေင်္ဘာကုက္ကို(၁၈၃၀)ပင် ၊ မြန်မာကုက္ကို ((၃၆၆၀)ပင် ၊ တစ်ရွာနှစ်ဧကအတွက် ယူကလစ်(၆၈၀)ပင် ၊ သ‌ေင်္ဘာကုက္ကို(၆၈၀)ပင် ၊  ပြည်သူဗဟိုပြုစိုက်ပျိုးခြင်းအတွက် ယူကလစ်(၅၀၀)ပင်၊ သ‌င်္ဘောကုက္ကို(၅၀၀)ပင်၊  တစ်အိမ်ထောင် ကျွန်းသုံးပင်နှင်သစ်မာ(၂၀)ပင် စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း(၅၆၀)ပင်၊ ယူကလစ်(၁၈၇၀)ပင်၊ သ‌င်္ဘောကုက္ကို(၁၈၇၀)ပင်တို့ကို စိုက်ပျိုးပြုစုပျိုးထောင် ထားရှိပါကြောင်း၊ ကျွန်တော်တို့ ဝန်ထမ်းများ အနေဖြင့် ပြုစုပျိုးထောင်ထားရှိသည့် အပင်များသေဆုံးမှု မဖြစ်ပွားရလေအောင် နေ့စဉ်ရေ လောင်းပင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ သဘာဝမြေဩဇာများထည့်ပေးခြင်း၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် ပျိုးပင်များအရိပ်ရရှိရေးတို့အတွက် အမြဲဆောင်ရွက်နေကြောင်း မြို့နယ်အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးထွန်း၏ ပြောကြား ချက်အရသိရသည် ။

ရဲတင့်(ပြန်/ဆက်)