ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြဆောင်ရွက်

ပြည်ကြီးတံခွန် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးက ဌာနများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက်မီးကို စနစ်တကျသုံးစွဲရန်၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်များ၊ မီးသတ်ဆေးဗူးများ ထားရှိရန်၊မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်း များနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဟောပြောပြီး မီးသတ်ဦးစီးမှူး နှင့်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့်ရပ်ကွက်(၁၈)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်