နန်းယွန်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ် မြောက် အဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်၊ စကားပုံဆက်၊ စိတ်ကြိုက်ပန်ချီနှင့် ဆေးရောင်ခြည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၂ နာရီအချိန်က အဆိုပါခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နန်းယွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆောင်ကမ်က ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြိုင်ပွဲယှဉ်ပြိုင်ရ ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား စတင်ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများအား အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၂)ဦးတို့ကိုလည်းကောင်း၊ စိတ်ကြိုက်ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသား/သူ(၁၀)ဦးတို့ကိုလည်းကောင်း ဆောင်ရွက်ပေးပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူတို့အား အသီးသီးဆုချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)