ဇေယျာသီရိ ဇူလိုင် ၁၈
နေပြည်တော်ကောင်းစီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်းဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ဇေယျာသီရိမြို့နယ်တွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိစွာ အသုံးပြုပြီး၊ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်သွားကြရန် ရှင်းလင်းမှာကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က မြို့နယ်ဒေသဆိုင်ရာအချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့်စိုက်ပျိုးရေးဆိုင်ရာကိစ္စများအား ကျေးရွာအုပ်စုချင်းအလိုက် တင်ပြခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လိုလားချက်တင်ပြလာမှုအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)