စမ်းချောင်းမြို့နယ် အ‌.လ.က(၃)တွင် လူငယ်‌ရေးရာအသိပညာ‌ပေးဟောပြောပွဲကျင်းပပြုလုပ်

စမ်းချောင် ဇူလိုင် ၁၈   

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်()အ‌ခြေခံပညာအလယ်တန်းကျောင်းရှိ တော်ဝင်ခန်းမ၌‌  ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးပွားပြီး နိုင်ငံတော်မှအားကိုးအားထားပြုရမည့် သားကောင်းရတနာများဖြစ်ထွန်းလာစေရေးရည်ရွယ်ချက်ဖြင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူငယ်‌ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်းကျင်းပ‌သော လူငယ်‌ရေးရာ‌ဟောပြောပွဲကိုယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အလုံခရိုင်လူငယ်‌ရေးရာဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌အေးချိုထူးကလူငယ်‌ရေးရာအ‌ကြောင်းသိ‌ကောင်းစရာ‌ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ စမ်း‌ချောင်းမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအေးလင်းကလူငယ်တို့၏အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စမ်းချောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှနည်းစနစ်မှူး ဦးဝင်းဇော်အေးကလူငယ်နှင့်မြန်မာ့အားကစား‌ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် အလုံခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေးက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်နှင်း‌ဝေလင်းထံအားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းပြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှသားငယ် သမီးငယ်များကဝူရှူးကကွက်၊ Fitness Dance ကကွက်တို့ဖြင့် ကပြဖြော်ဖြေ ပေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းမှ အလယ်တန်းနှင့်မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့်တက်ရောက်ခဲ့သည်။စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာနများဖြင့်ပူး‌ပေါင်း၍အများပြည်သူများအသိပညာဗဟုသုတရရှိရေးအတွက် ဟောပြောပွဲများပြုလုပ်ပေးခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်း၊ စာအုပ်ပြပွဲများ ကျင်းပ‌ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဖြူးပေးခြင်း၊ Talk Show များ ပုံပြောအစီအစဉ် များပြုလုပ်၍ Online စနစ်ဖြင့်ထုတ်လွှင့်ပေးခြင်း၊ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းနှင့် ပြည်သူလူထုသိသင့်သိထိုက်သည့်သတင်အချက်အလက်များအား Welove Page နှင့် စာကြည့်တိုက် Page များမှအချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးလင်း