သန်လျင် ဇူလိုင် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေးအဖွဲ့ခေါင်းဆောင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသော်ဝင်းကြည်က ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျပန်းစကားပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အစဥ်ရှေးရှု မြန့်မာယဥ်ကျေးမှု ခေါင်းစဥ်ဖြင့် ပထမဆုရ မရွှမ်းလဲ့ခင် Grade(11) အ.ထ.က(၁)သန်လျင်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့ခေါင်းစဥ်ဖြင့် ဒုတိယဆုရ မောင်ဝေယံထွန်းGrade(11) အ.ထ.က(၁) သန်လျင်၊ ယနေ့လူငယ်နောင်ဝယ်လူကြီးခေါင်းစဥ်ဖြင့် တတိယဆုရ မောင်သီဟနိုင် Grade(11) အထက(၁)သန်လျင်နှင့်အထူးဆုရရှိသူ (၂)ဦးတို့အား သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးတင့်၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့် ကျောင်းအုပ်ကြီးများက ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင်ကြပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ၊ ကျပန်းစကား ပြောပြိုင်ပွဲများကို သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)