လပွတ္တာ မတ် ၆
၂၀၂၄ခုနှစ် မတ်လ(၁၁)ရက်နေ့ မှ (၁၉)ရက်နေ့အထိ နိုင်ငံအဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စာစစ်ဌာန (၇)ခု ဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာစစ်ဌာန(၇)ခုအနက် လပွတ္တာမြို့ပေါ် စာစစ်ဌာန(၂)ခုပါဝင်ပြီး ကျန်ရှိသည့် စာစစ် ဌာန(၅)ခုမှာ ကျေးရွာစာစစ်ဌာနများဖြစ်ကြောင်း၊ မြို့ပေါ်စာစစ်ဌာန(၂)ခုမှာ အ.ထ.က(၁) စာစစ်ဌာနနှင့် အ.ထ.က(၃)မိုင် စာစစ်ဌာနဖြစ်ပြီး ကျေးရွာစာစစ်ဌာန (၅)ခုမှာ အ.ထ.က-ကြာကန်၊ အ.ထ.က-ပိုးလောင်း အ.ထ.က ကန်ဘက်၊ အ.ထ.ကဘီတွတ်၊ အ.ထ.က-ပြင်စလူ စာစစ်ဌာနများဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကျင်းပမည့် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လပွတ္တာမြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူဦးရေ (၅၉၄)ဦး၊ ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား/သူ ဦးရေ (၅၅)ဦး၊ စုစုပေါင်း(၆၄၉)ဦးရှိကြောင်း လပွတ္တာမြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မူမူ