သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

သာစည် မတ် ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းသင်ခန်းစာအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းနည်းပြဆရာ ဦးမြတ်ကိုကို ကလောင်အမည် ကာတွန်းလူမင်းအောင်က သင်ကြားပေးလျက်ရှိပြီး အရောင်၏သဘော၊ ဆေးသားညီညွတ်အောင်ရေးဆွဲနည်း၊ အရာဝတ္ထုများအထားသိုမှန်ကန်ရေး၊ အလင်းအမှောင်၊ ဆေးရောင်ဖက်စပ်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ရှိအရာဝတ္ထုများလေ့လာတတ်စေရန် စသည်ဖြင့် ပန်းချီအခြေခံများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်းသိရပြီး သင်တန်းချိန်မှာ နေ့စဉ် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိဖြစ်ကာ သင်တန်းကာလမှာ မတ် ၃ ရက် နေ့မှစ၍ တစ်လကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)