မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘာသာရေးအဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မက်မန်း မတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မီးဘေးအန္တရာယ် တားစီးကာကွယ်ရေး၊ မီးဘေးလုံ့ခြုံရေးတို့ကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့ရှိ ပညာဒီပကျောင်းတိုက်တွင် မီးဘေးအန္တရာယ် တားစီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်များနှင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပညာဒီပကျောင်းတိုက်ရှိကျောင်းတော်ကြီးတွင် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်ထားရှိမှု၊ မီးချိတ်၊ မီးကပ်ထားရှိမှု၊ ဆွမ်းချက်ပြုတ်သည့်နေရာနှင့် လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး   မီဘေးအန္တရာယ် တားစီးကာကွယ်ရေးအတွက် လိုအပ်ချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်/ပြန်ဆက်)