ကန့်ဘလူ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

ကန့်ဘလူ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဗိုက်စစ်ဆေးခြင်း၊ သန္ဓေသားအနေ အထားမှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ မတည့်သည့်ဆေး ရှိ/မရှိနှင့် အခြားရောဂါ ရှိ/မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျင်နာပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)