ကျောက်တံတား ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဆက်သယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမှာစကားပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွေးလှိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင့်ဝေတို့က အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုကိုပြသရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြပြီး အခမ်းအနားအပြီးတွင် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)