မြောင်းမြခရိုင် Community Centre တွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်

မြောင်းမြ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက YouthClub နဲ့စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Youth Club အဖွဲ့ဝင်များက တက်ရောက်လာသော အ.လ.က ဘုရားချောင်း(ရပ်)ကျောင်းမှ ကျောင်းသား/သူများနှင့်စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နှင့်ပရဟိတစာအုပ်အားဖတ်ရှု၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသောကျောင်းသား/သူများက Community Centre တွင်ပြသထားသောနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် ပြည်သူဗဟိုပြုသည့်အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ လူငယ် ရေးရာဆွေးနွေးပွဲများနှင့် စာဖတ်ဝိုင်းများအား စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

အောင်ဖြိုး