အလုံ ဇူလိုင် ၂၆
အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ အ.ထ.က(၆)ကျောင်း (အနန္တပညာခန်းမ)၌ “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုရဲမှူးဦးရဲထွဋ်မှ ဆက်သွယ်ရေးလိမ်လည်မှုနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video များအားပြသခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲမှူးရဲထွဋ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ၊ မြို့ နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)